ကျေးဇူးတော်ချီးမွမ်းခြင်း

ရှေးဦးစွာဤ Website စာမျက်နှာများကို ရေးသားနိုင်ရန် ဥာဏ်ပညာပေးသော အဖဘုရားသခင်အပေါ် ကျေးဇူးတော်ချီးမွမ်းပါတယ်။ မြန်မာဓမ္မတေးသီချင်းစာသားများအတွက် ကျရာတာဝန်အသီးသီးမှာ ပါဝင်ပေးခဲ့ကျတဲ့ Sia Pau Siam Kim, Tg. Khen Zom Thang, Lia Ngin San Lun တို့အပေါ်မှာလည်း ကျေးဇူးတင်ပါသည်။

ရည်ရွယ်ချက်

ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်တွင် Tedim Hymn website ကို လွှင့်တင်နိုင်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအတွက် မြန်မာဓမ္မတေးသီချင်းစာသားများရှိသော website ဆက်လက် လုပ်ဆောင်ရန် ရူပါရုံထားရှိခဲ့ပြီး TBC-Y အသင်းတော် Committee နှင့် တိုင်ပင်ခဲ့ပါသည်။
(က) မြန်မာပြည်၏ ခရစ်ယာန်မီဒီယာလောကအခန်းကဏ္ဍအား တစ်ဖက်တစ်လမ်းမှ မြင့်တင်နိုင်ရန် အတွက်ဖြစ်သလို၊ (ခ) အသင်းတော်များမှ မီဒီယာကဏ္ဍတွင် ပါဝင်နေသူများအတွက် အထောက်အကူ ပြုနိုင်ရန်နှင့် (ဂ) ယုံကြည်သူညီအစ်ကိုမောင်နှမများ ဓမ္မတေးသီချင်းစာသားများအား အသုံးပြုနိုင်ရန် ဖြစ်ပါသည်။

မေတ္တာရပ်ခံချက်

ဤဓမ္မတေးသီချင်းစာသားများနှင့် ပတ်သတ်၍ ကျွန်ုပ်တို့သည် ပိုင်ဆိုင်မှုတစ်စုံတစ်ရာမှ မရှိပါကြောင်း ဝန်ခံအပ်ပါသည်။ တေးသီချင်းစာသားများ မှားယွင်းနေခြင်း၊ download ဆွဲချရာတွင် error များရှိပါက htuangzcin@gmail.com သို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Htaung Kyint

HTAUNG ZA KYINT
htuangzcin@gmail.com
09250067281