Myanmar Hymn Lyrics

104
Hymn Number
475
Views
PPTX: 120
PDF: 125
Downloads
2025-09-29 20:46
Created At

Hymn 104

အသွေးတော်ကျူး

၁။ အသွေးနှင့်ပြည့်သော တွင်းပွင့်ပြီ၊ ဧမာနွေလအသွေး၊ 
ထိုသွေးတော်၌ နစ်မြှပ်သူသည် အပြစ်နှင့်ကင်းစင်လေ၊
အပြစ်နှင့်ကင်းစင်လေ၊ အပြစ်နှင့်ကင်းစင်လေ၊ 
ထိုသွေးတော်၌ နစ်မြှပ်သူသည် အပြစ်နှင့်ကင်းစင်လေ။

၂။ တိုင်၌ဆွဲသော ဓါးပြသေစဉ်၊ ထိုတွင်းမြင်သော် ဝမ်းသာ၊ 
ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှကင်းရှင်းရာ၊
အပြစ်မှကင်းရှင်းရာ၊ အပြစ်မှကင်းရှင်းရာ၊ 
ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှကင်းရှင်းရာ။

၃။ သတ်ခြင်းခံသော အိုသိုးငယ်မြတ်၊ သွေးတော်တန်ခိုးမြဲတည်၊ 
ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ်ဖြေရှင်းတတ်၏၊
အပြစ်ဖြေရှင်းတတ်၏၊ အပြစ်ဖြေရှင်းတတ်၏၊
ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ်ဖြေရှင်းတတ်၏။ 

၄။ ဒဏ်ရာတော်က အသွေးစီးယို၊ ကျွန်ုပ်မြင်စမှသည်၊ 
ရွေးနုတ်မေတ္တာတော်သီချင်းဆို၊ သေခြင်းတိုင်အောင်ဆိုမည်၊
သေခြင်းတိုင်အောင်ဆိုမည်၊ သေခြင်းတိုင်အောင်ဆိုမည်၊
ရွေးနုတ်မေတ္တာတော် သီချင်းဆို၊ သေခြင်းတိုင်အောင်ဆိုမည်။

၅။ ထိုနောက် ဤလေးဆွံ့အသောလျှာ၊ သင်္ချိုင်းတွင် တိတ်သော်လည်း၊ 
ကယ်တင်တန်ခိုး ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ဆိုမည်၊
မြင့်ကောင်းကင်၌ဆိုမည်၊ မြင့်ကောင်းကင်၌ဆိုမည်၊
ကယ်တင်တန်ခိုး ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ဆိုမည်။

၆။ သားတော်ယေရှု ကိုယ်တော်ရှင်မြတ်၊ မထိုက်သော ကျွန်ုပ်အား၊ 
သွေးတော်နှင့်ဝယ် ရွှေဆောင်းဆုလာဘ်၊ ပေးတော်မူမည်ယုံပါ၊
ပေးတော်မူမည်ယုံပါ၊ ပေးတော်မူမည်ယုံပါ၊
သွေးတော်နှင့်ဝယ် ရွှေစောင်းဆုလာဘ်၊ ပေးတော်မူမည်ယုံပါ၊

၇။ ထိုစောင်း ခမည်းတော်နားတော်မှာ၊ နှစ်စဉ်အဆုံးမရှိ၊ 
ကိုယ်တော်နာမကို တီးလိုငှါ၊ တန်ခိုးတော်ပင်ညှိ၏၊
တန်ခိုးတော်ပင်ညှိ၏၊ တန်ခိုးတော်ပင်ညှိ၏၊ 
ကိုယ်တော်နာမကို တီးလိုငှါ၊ တန်ခိုးတော်ပင်ညှိ၏၊
Hymn Number:
104
Title (Myanmar):
အသွေးတော်ကျူး
Title (English):
There is a fountain filled with blood
Composer:
N/A
Key:
N/A
Scriptures:
ဇာ၊ ၁၃း၁
Category:
ခရစ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 120
PDF File

Download PDF

Downloads: 125
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.