Myanmar Hymn Lyrics

113
Hymn Number
383
Views
PPTX: 118
PDF: 121
Downloads
2025-09-29 20:55
Created At

Hymn 113

ကောင်းဆုံးမိတ်ဆွေကျူး

၁။ ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ရွှင်လန်းသက်ရှင်စေသည်။ 
နေ့စဉ်သက်တာ ခွန်အားပြည့်ဝ၊ ကိုယ်တော်ပါမှ ပြီးရာ၊ 
ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ် အခြားမိတ်ဆွေမကယ်နိုင်ပါ၊ 
ကိုယ်တော်ရှင်သာ ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း။ 

၂။ ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ဒုက္ခရောက်စဉ်မသည်၊
ကောင်းချီးခံရန် ဆုတောင်းချဉ်းကပ်၊ ထပ်မံ၍ ပေးဉီးမည်၊ 
နေအလင်းနှင့် မိုးရေကိုပေး၊ စပါးသီးနှံ ကြွယ်ဝစွာကျွေး၊ 
နေလင်းမိုးရေ၊ စပါးပေးသည်၊ မိတ်ဆွေတည်း။

၃။ ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ကျွန်ုပ်အမှန်ချစ်သည်၊ 
ဤမျှချစ်သော မိတ်ဆွေစစ်ကို ဘယ်ခါမျှ မပယ်လို၊ 
လမ်းမှန်လျှောက်ရန် ကိုယ်တော်နောက်လိုက်၊ နေ့ညမပြတ် စောင့်ရှောက်စဉ်ခိုက်၊ 
နောက်တော်သို့လိုက်၊ အစဉ်တစိုက် မိတ်ဆွေတည်း။

၄။ ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ခြားမိတ်တွေမလိုပြီ၊
ကိုယ်တော်ကိုသာ ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်၊ 
ကောင်းဆုံးမိတ်ဆွေနှင့် စဉ်ပျော်နေ၊ ထိုအသက်တာ မဆုံးနိုင်လေ၊ 
ထာဝရသက်၊ ဝမ်းမြောက်စဉ်ဆက် မိတ်ဆွေတည်း။ 
 
Hymn Number:
113
Title (Myanmar):
ကောင်းဆုံးမိတ်ဆွေကျူး
Title (English):
Jesus is all the world to me
Composer:
Will L. Thompson (1847-1909)
Key:
N/A
Scriptures:
N/A
Category:
ခရစ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 118
PDF File

Download PDF

Downloads: 121
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.