Myanmar Hymn Lyrics

179
Hymn Number
318
Views
PPTX: 111
PDF: 120
Downloads
2025-09-30 15:03
Created At

Hymn 179

ရွှင်လန်းခြင်းကျူး

၁။ အိုကျေးဇူးရှင်သခင်ဘုရား၊ ကိုယ်တော်ကို ခိုလှုံသောနေ့ကား၊ 
အလွန်သာယာသော နေ့ပေတည်း၊ အသက်ထက်ဆုံးအောက်မေ့ပါမည်။ 

ထပ်ဆို
သာယာနေ့၊ သာယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့၊ 
သခင်ယေရှု မဟာကျေးဇူး၊ ချီးမွမ်းကြကုန်၊ အသက်ထက်ဆုံး၊ 
သာယာနေ့၊ သာယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့။

၂။ အလိုတော်ကို အစဉ်လိုက်မည်၊ ယခုစိတ်လုံးလုံးချပါပြီ၊ 
ဝမ်းမြောက်ဖွယ်သော သတင်းတရား အလွန်နှစ်သက် အားရတကား။

၃။ ကြီးသောအမှု ခုပြီးပါပြီ၊ လက်တော်သို့ ကိုယ်ကို အပ်ပြီးပြီ၊ 
ရှင်ယေရှုသည် ကျွန်ုပ်သခင် ဖြစ်မှန်းကိုမှတ် ကြပါအစဉ်။ 

၄။ ငါ့စိတ်နှလုံး ငြိမ်ဝပ်ပါစေ၊ မှန်သော အကျိုးကို တွေ့ရပြီ၊ 
ရှင်ယေရှုကို မှီဝဲခိုလှုံ၊ ရွှင်လန်းရမည် ကမ္ဘာမကုန်။
 
Hymn Number:
179
Title (Myanmar):
ရွှင်လန်းခြင်းကျူး
Title (English):
O happy day, that fixed my choice
Composer:
Edward F. Rimbault (1816-1876)
Key:
N/A
Scriptures:
ယော၊ ၆း၃၇
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 111
PDF File

Download PDF

Downloads: 120
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.