Myanmar Hymn Lyrics

181
Hymn Number
251
Views
PPTX: 120
PDF: 131
Downloads
2025-09-30 15:06
Created At

Hymn 181

ပျောက်သောသိုးရှာခြင်းကျူး

၁။ ငါပျောက်သော သိုးဖြစ်သည်၊ သိုးခြံကိုပင် မခင်၊ 
သိုးထိန်းအသံမကြားနာလို၊ ချုပ်ချယ်ခြင်းမခံချင်။ 
ငါနားမထောင်သော သား၊ အဘအိမ်မှာ မပျော်၊ 
အဘသံကို မကြားနာလို၊ အဝေးသို့လည်ရန်မျှော်။ 

၂။ သိုးထိန်းက သိုးရှာသည်၊ အဘသားကို တွေ့ချင်၊ 
တောင်ပေါ် တောင်ကြားတောအုံတို့မှာ၊ ငါ့ကို လိုက်ရှာလေလျှင်၊ 
တွေ့လေတကား ကိုယ်ချည်း ဆာငတ်၊ မောပန်း သေလု၊ 
မေတ္တာကြိုးနှင့် ချည်နှောင်ဆောင်လျက် ပျောက်လွင့်သော သိုးကယ်ယူ။ 

၃။ ယေရှုပင် ငါ့သိုးထိန်း၊ ကိုယ်တော်ငါ့ကို ချစ်ပေ၊ 
ကိုယ်တော်သွေးနှင့် ငါ့ကို ဆေးကြော၊ ကိုယ်တော်ပင် ချမ်းသာပေး၊ 
ပျောက်လွင့်သော သိုးငါ့ကို၊ ကိုယ်တော်ပင် ရှာတွေ့လေ၊ 
ကိုယ်တော်ခြံသို့ ပို့ဆောင်ပြန်စေ၊ ကိုယ်တော်ကြည့်ရှုလျက်နေ။

၄။ ခုမှာ ခြံက မလည် ချုပ်ချယ်ခြင်းကို ခံသာ၊ 
သိုးထိန်းသံချို ငါကြားနာလို၊ သိုးခြံကို နှစ်သက်လှ၊ 
စော်ကားသော သားမဟုတ်၊ လည်ချင်သဘောမရှိ၊ 
ကောင်းကင် အဖသံတော်ကြားလို၊ အိမ်တော် တသလှ၏။
Hymn Number:
181
Title (Myanmar):
ပျောက်သောသိုးရှာခြင်းကျူး
Title (English):
Was a wandering sheep
Composer:
John Zundel (1815-1852)
Key:
N/A
Scriptures:
N/A
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 120
PDF File

Download PDF

Downloads: 131
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.