Myanmar Hymn Lyrics

244
Hymn Number
304
Views
PPTX: 122
PDF: 133
Downloads
2025-10-05 22:28
Created At

Hymn 244

သန့်ရှင်းသော ဝိညာဉ်တော်ကျူး

၁။ သန့်ရှင်းဝိညာဉ် လမ်းပြရှင်၊ တပည့်တော် နားနေအစဉ်၊ 
ကောင်းကင်ခရီး လျှောက်သွားစဉ်၊ ဖြည်းညှင်းစွာ လမ်းပြသခင်၊ 
မောပန်းဝိညာဉ် ဝမ်းမြောက်ချေ၊ ချိုသာသံတော်နားထောင်လေ၊ 
ခရီးသည် နောက်သို့ လိုက်လာ၊ ပို့ဆောင်မည်၊ အိမ်တော် သာယာ။

၂။ မိတ်ဆွေစစ် ဝိညာဉ်တော်ရှင်၊ မစရန် ရှိနေအသင့်၊ 
ကျွန်ုပ်တို့ကို မှောင်မိုက်တွင်၊ စိုးရိမ်ရာ မစွန့်ပါနှင့်၊ 
ပြင်းထန်စွာ မုန်တိုင်းကျလာ၊ စိတ်ငယ် မျှော်လင့်မဲ့သောခါ၊ 
နောက်တော်လိုက်ရန် ခေါ်မူပါ၊ ပို့ဆောင်ပါ၊ အိမ်တော် သာယာ။

၃။ ဆောင်ရွက်ရန် အမှုပြီးလျှင်၊ ခေါ်တော်မူ ချိန်စောင့်နေစဉ်၊ 
ဆုတောင်းလျက် မျှော်လင့်တောင့်တ၊ ကောင်းကင်ဘုံ ဝင်ရန်တသ၊ 
သေခြင်းမြစ်ကို ကူးသောခါ၊ သွေးတော်ြမတ် မှီခိုကိုးစား၊ 
နောက်တော်လိုက်ရန် ခေါ်မူပါ၊ ပို့ဆောင်ပါ၊ အိမ်တော် သာယာ။
 
Hymn Number:
244
Title (Myanmar):
သန့်ရှင်းသော ဝိညာဉ်တော်ကျူး
Title (English):
Holy Spirit, Faithful Guide
Composer:
Marcu M. Wells (1815-1895)
Key:
N/A
Scriptures:
ဆာ၊ ၂၅း၅
Category:
ဝိညာဉ်တော်

PPTX File

Download PPTX

Downloads: 122
PDF File

Download PDF

Downloads: 133
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.