Myanmar Hymn Lyrics

23
Hymn Number
544
Views
PPTX: 145
PDF: 172
Downloads
2025-09-26 20:13
Created At

Hymn 23

ကိုယ်တော်ကို ချီးမွမ်းကြလော့ကျူး

၁။ ချီးမွမ်း ချီးမွမ်း၊ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်
လူအပေါင်းတို့ မေတ္တာတော်ကို ကြွေးကြော်
ဘုန်းအာနုဘော် ကိုယ်တော်၌ ရှိစေသတည်းဟု
ကောင်းကင်တမန်မင်းများတို့ ပြောကြားလော့၊ 
သိုးထိန်းကဲ့သို့ ယေရှုသည် သူငယ်များကို 
တစ်နေ့လုံး လက်တော်နှင့် ပွေ့လျက်ဆောင်၏၊
ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကို ပြောပါ၊ 
ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ် သီချင်းဆို။

၂။ ချီးမွမ်း ချီးမွမ်း ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊ 
ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ၊ 
ကျွန်ုပ်တို့အပြစ်များကြောင့် ခံထိုက်သောဒဏ်ပင်၊ 
ခံတော်မူပြီ အမှန်ကယ်တော်မူ၏
ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်းဆောင်တော်မူပြီ
မေတ္တာတော်ကို ချီးမွမ်း၍ မကုန်ပါ၊ 
ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကို ပြောပါ၊ 
ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ် သီချင်းဆို။

၃။ ချီးမွမ်း၊ ချီးမွမ်း ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊ 
ကောင်းကင်ဘုံမှာ နာမတော် ချီးမွမ်းကြ၊
သခင်ယေရှု စဉ်မပြတ်အုပ်စိုးတော်မူမည်၊
သရဖူကို ခေါင်းပေါ်မှာ ဆောင်း၏
ကိုယ်တော်ကြွလာရန် သူတို့ကို အောင်မြင်ခြင်းငှါ
ဘုန်းတန်ခိုးကိုယ်တော်၌ ရှိစေသတည်း၊
ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကို ပြောပါ၊ 
ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ် သီချင်းဆို။
Hymn Number:
23
Title (Myanmar):
ကိုယ်တော်ကို ချီးမွမ်းကြလော့ကျူး
Title (English):
Praise Him! Praise Him
Composer:
Chester G. Allen (1838-1878)
Key:
N/A
Scriptures:
ဆာ၊ ၁၄၆း၂
Category:
ဂုဏ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 145
PDF File

Download PDF

Downloads: 172
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.