Myanmar Hymn Lyrics

327
Hymn Number
183
Views
PPTX: 104
PDF: 110
Downloads
2025-10-12 11:23
Created At

Hymn 327

ဉပုသ်နေ့ နံနက်ကျူး

၁။ ဤသာယာသောနေ့တွင် လောကီအမှုကို ရှောင်၊ ဘုရားဗိမာန်တော်တွင်၊ 
ဝတ်ပြုရမည်အကြောင်း၊ လျင်မြန်စွာလာ၊ ညီအစ်ကိုများ၊ 
လျင်မြန်စွာလာ၊ ညီအစ်ကိုများ ဝမ်းမြောက်သောစိတ်နှင့် စည်းဝေးကြ။ 

၂။ ဘုရားသားတော် အရှင်၊ လူတို့အပြစ်များကြောင့် သင်္ချိုင်း၌ သုံးရက်ပင်၊ 
နေပြီး သေမင်းကိုအောင်၊ ဤနေ့တွင်ကား သေခြင်းမှထ၊
ဤနေ့တွင်ကား သေခြင်းမှထ၊ အသက်ရှင်လမ်း ဖွင့်ပေးသနား။ 

၃။ ထိုကြီးမြတ်သော ကျေးဇူး၊ ဤ နေ့တော်တွင် အောက်မေ့၊ ထံတော်၌ ရွှင်စွာစု၊ 
ဝမ်းသာစွာ ဝတ်ပြုလေ၊ ကရုဏာများ ချီးမွမ်းကုန်ပါ၊
ကရုဏာများ ချီးမွမ်းကုန်ပါ၊ ရွှင်လန်းသော စိတ်နှင့် ချီးမွမ်းကြ။ 

၄။ ဤလောက၌ နေစဉ် ကျေးဇူးတော်မြတ်ချီးမွမ်း၊ စုတေ့ရသောအချိန် 
ဘုရားထံတော်သို့ဝင်၊ ကောင်းကင်ဘုံသားအတူတကွ၊ 
ကောင်းကင်ဘုံသားအတူတကွ၊ ချီးမွမ်းရမည် သိမှတ်ကုန်ပါ။ 
 
Hymn Number:
327
Title (Myanmar):
ဉပုသ်နေ့ နံနက်ကျူး
Title (English):
N/A
Composer:
Lewis Edson (1748-1822)
Key:
N/A
Scriptures:
Category:
သခင်ဘုရားနေ့

PPTX File

Download PPTX

Downloads: 104
PDF File

Download PDF

Downloads: 110
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.