Copy to Clipboard 
                            
                            ၁။ ယေရှုရှင်အကျွန်ုပ်သည် သန့်ရှင်းလိုပါ၊ ကျွန်ုပ်၏ ဝိညာဉ်အတွင်း ကိန်းဝပ်မူပါ၊ 
ရန်သူမျိုးမျိုးနှင်ထုတ်၊ လိုရာများ ပယ်ထား၊ 
ဆေးကြောလျှင် ဖြူမည်မှန်ပါ၊ မိုးပွင့်ထက်သာ။
ထပ်ဆို
မိုးပွင့်ထက်သာ၊ ဖြူစင်စေလို့ငှာ၊ 
ဆေးကြောလျှင် ဖြူမည်မှန်ပါ၊ မိုးပွင့်ထက်သာ။ 
၂။ ကျွန်ုပ်မစင်ကြယ်ခြင်းကို ကင်းစေအလျင်း၊ သွေးတော်မြတ်ဖြင့် ဆေးကြောလျှင်၊ 
ပြစ်မျိုးကင်းစင်၊ စင်ကြယ်ခြင်းရအံ့ငှာ၊ စွန့်ပစ်မည်မှုများ၊ 
ဆေးကြောလျှင် ဖြူမည်မှန်ပါ၊ မိုးပွင့်ထက်သာ။
၃။ ယေရှုရှင် ကိုယ်တော်ကိုသာ တောင်းပန်လိုပါ၊ စောင့်နေမည်ကိုယ်တော်မြတ်၏ 
ခြေတော်ရင်းမှာ၊ ယုံခြင်းဖြင့် သွန်းသွေးတော် ကျွန်ုပ်မြင်ရပါ၊ 
ဆေးကြောလျှင် ဖြူမည်မှန်ပါ၊ မိုးပွင့်ထက်သာ။ 
                         
                        
                        
                        
                        
                            
                                
                                    
                                    
                                        Title (Myanmar): 
                                        မိုးပွင့်ထက်ဖြူခြင်းကျူး
                                     
                                    
                                        Title (English): 
                                        Whiter than Snow
                                     
                                    
                                        Composer: 
                                        William G. Fisher
                                     
                                 
                                
                                    
                                    
                                    
                                        Category: 
                                        နိုးကြားထကြွခြင်း
                                     
                                 
                             
                            
                            
                                Acknowledgement:  I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.