၁၇၅။ နောင်တရကျူး


၁။ ဘုရားကျေးဇူးမြတ် ဂုဏ်တော်ကို အလွန်အကျူး စော်ကား၊
မထီမဲ့မြင် အကျွန်ုပ်သည် ပြစ်မှားပါပြီ ဘုရား။

၂။ ပြစ်မှားသော်လည်း အကျွန်ုပ်ကို မပစ်မဖယ်မရှား၊
ထံတော်မြတ်တွင် ဝင်စားခိုလှုံခွင့်ပေးတော်မူဘုရား။

၃။ သန့်ရှင်းစင်ကြည်မြဲတည်ကြည်ခြင်း အလင်းပေးပါသခင်၊
ထံတော်ကဝေးမကွာ ရအောင် သည်းခံပါဉီး အရှင်။

၄။ အလွန်သန့်ရှင်းသော ဝိညာဉ်ကို သွန်းလောင်းတော်မူသခင်၊
ကယ်တင်ခြင်းတွင်၊ ဝမ်းမြောက်စရာ နှလုံးပေးပါအရှင်။
  • Details

  • Download